My Entry For Around The World- Challenge #17/6 🌎
1 comment
Hello everyone, have a nice day.
အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
Everyone in Myanmar knows about U Bein Bridge. U Bein Bridge is a famous bridge in the world. The view is beautiful and Taungthaman Lake is a popular tourist site, particularly at sunrise and sunset. It is also a place to relax. It is a great place to take photos. U Bein Bridge is said to be built with teak. It is the longest and oldest wooden bridge in the world and is 3967 feet long. U Bein Bridge is a bridge that connects Amarapura to Yadanabon University across Taungthaman Lake in Amarapura. U Bein Bridge, a truly Burmese bridge built by Burmese architects with Burmese construction skills, stands as a symbol of the ancient city of Amarapura.
When I arrived at the famous U Bein Bridge, the sun was too hot to take photos. But I took some photos. The photo I want to share with my friends this week is a landscape of Taungthaman Lake. I did not take a separate photo of the long U Bein Bridge. I will take a photo next time and share it with my friends.
ဦးပိန်တံတားကို မြန်မာပြည်မှာနေထိုင်သူအားလုံးသိကြပါတယ်။ ဦးပိန်တံတားက ကမ္ဘာမှာ လူသိများတဲ့ တံတားဖြစ်ပါတယ်။ အထူးသဖြင့် တောင်သမန်အင်းက နေထွက်ချိန်နှင့် နေဝင်ချိန်များတွင် ရေပန်းစားသော ခရီးသွားနေရာတစ်ခုဖြစ်တယ်။ အပန်းဖြေစရာနေရာတစ်ခုလည်းဖြစ်တယ်။ ဓာတ်ပုံရိုက်ဖို့အတွက် အလွန်ကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဦးပိန်တံတားကို ကျွန်းသားနဲ့တည်ဆောက်ခဲ့တယ်လို့သိရပါတယ်။ ကမ္ဘာ့အရှည်ဆုံး သစ်သားတံတားဖြစ်ပြီး အရှည် ၃၉၆၇ ပေရှည်လျားတယ်လို့ မှတ်သားရပါတယ်။ ဦးပိန်တံတားကို အမရပူရမြို့မှာရှိတဲ့ တောင်သမန်အင်းကိုဖြတ်ပြီး အမရပူရမြို့ နဲ့ ရတနာပုံတက္ကသိုလ်ကိုဆက်သွယ်ထားတဲ့ တံတားလည်းဖြစ်ပါတယ်။ ဦးပိန်တံတားသည် မြန်မာဗိသုကာ ပညာရှင်များက မြန်မာ့ဆောက်လုပ်ရေး အတတ်ဖြင့် မြန်မာမှုစစ်စစ် တံတား၊ အမရပူရ ရှေးဟောင်းမြို့တော်၏ အမှတ်အသားအဖြစ် တည်ရှိနေပါတယ်။
နာမည်ကျော် ဦးပိန်တံတားကို ကျွန်တော်ရောက်တဲ့အချိန်မှာတော့ နေပူရှိန်အရမ်းပြင်းနေတဲ့အတွက် ဓာတ်ပုံရိုက်ဖို့မကောင်းပါဘူး။ ဒါပေမယ့် ဓာတ်ပုံအချို့ကိုတော့ ရိုက်ယူခဲ့ပါတယ်။ ဒီတပတ်အတွက် သူငယ်ချင်းတို့ကို မျှဝေပေးချင်တဲ့ ပြိုင်ပွဲဝင်ဓာတ်ပုံက တောင်သမန်အင်းရဲ့ ရှုခင်းပုံပဲဖြစ်ပါတယ်။ ရှည်လျားတဲ့ ဦးပိန်တံတားရဲ့ဓာတ်ပုံကိုတော့ သီးခြားရိုက်မယူခဲ့ရဘူး။ နောက်တစ်ကြိမ်မှာ ဓာတ်ပုံရိုက်ယူခဲ့ပြီးသူငယ်ချင်းတို့ကို မျှဝေပေးချင်ပါသေးတယ်။
The photo below is the contestant photo for this week's
အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။
With all due respect -
အားလုံးကို လေးစားလျှက် -
@ansoe
Comments