EPL is Starting
0 comments
နက်ဖြန် စနေနေ့မှာတော့ EPL ပွဲစဉ်များ ပြန်လည် စတင်စကားတော့မည် ဖြစ်၏။ မနက်ဖြန် မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာတော့ Liverpool vs Bournemouth တို့၏ ပွဲစဉ်ဖြင့် Round 1 ကို စတင် ဖွင့်လှစ် သွားမှာ ဖြစ်ပါတယ်။ ပျင်းရိဖွယ် စနေ၊ တနင်္ဂနွေ နေ့ရက်တွေ အဆုံးသတ်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ရင်ခုန် စိတ်လှုပ်ရှားဖွယ် Weekend တွေ ပြန်လည်လို့ အသက်ဝင်လာခဲ့ပြီပဲ ဖြစ်ပါတယ်။
လက်ရှိ ချန်ပီယံ Liverpool တို့ အနေဖြင့် Round 1 အိမ်ကွင်း ပွဲစဉ်မှာ Bournemouth အသင်းကို အနိုင်ရယူသွားမလားကတော့ စိတ်ဝင်စားစရာပါ။ အားထားရတဲ့ ကစားသမား Luis Diaz က Bayern Munchen, Arnold က Real Madrid သို့ ပြောင်းရွှေ့သွားခဲ့ကြပါပြီ။ အားထားရတဲ့ ကွင်းလယ် ကစားသမား Diogo Jota ကလည်း ကားအက်စီးဒန့်နဲ့ ကွယ်လွန်သွားခဲ့ပါသေးတယ်။ Jota ကွယ်လွန်မှုက Liverpool အတွက်ကော ဘောလုံး လောကအတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။
Leverkusen အသင်းကနေ Frimpong နဲ့ Wirtz တို့ကို အားဖြည့် ခေါ်ယူထားခဲ့ပါတယ်။ ဒီကစားသမား နှစ်ယောက်ဟာ နည်းပြ Xabi Alonso လက်ထက် Leverkusen အသင်းမှာ ခြေစွမ်းပြခဲ့တဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ Leverkusen ရဲ့ တကျော့ပြန် အောင်မြင်မှုတွေမှာ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကလည်း အပါအဝင်ပါပဲ။
ရာသီကြို ခြေစမ်းပွဲတွေအရ Liverpool ရဲ့ ခြေစွမ်းဟာ အကောင်းဆုံး အနေအထားမှာတော့ မရှိနေဘူး ပြောရပါလိမ့်မယ်။ မနှစ်က ခြေစွမ်းထက်စာရင် ဒီနှစ်မှာ ပိုအားနည်းသွားပါလိမ့်မယ်။ ကစားသမားသစ်တွေ ခပ်မြန်မြန်လေး အထိုင်ကျသွားရင်တော့ ပိုကောင်းလာပါလိမ့်မယ်။ ရာသီ အစ Community Shield ပြိုင်ပွဲမှာလည်း Crystal Palace အသင်းကို ပင်နယ်တီနဲ့ အရှုံးပေးထားခဲ့ရပါသေးတယ်။
ကိုယ်တွေ United အနေနဲ့ကတော့ Round 1 မှာ ကတည်းက Arsenal နဲ့ စတွေ့နေခဲ့ပါပြီ။ ဒီရာသီ စောင့်ကြည့်ပေးပါလို့ ပြောထားတဲ့ နည်းပြ Amorim အနေနဲ့ ဘယ်လောက်ထိ လုပ်ပြနိုင်မလဲကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။
(photos from Premier League Page)
Comments