Need More Players
1 comment
Hello MOON lovers
Nice to meet you all. How about today? I wish you everything fine. This is 18 th post about my activity on pizza MOON.
Today I upgrade Ore Extractor from Level 16 to 17 and Silicon Refinery from Level 15 to 16. And then upgrade Metal Storage from Level 5 to 6. I also want to upgrade Research Lab but I don't have enough Silicon that is why I upgrade Silicon Refinery first. At early time I upgrade Ore Extractor again and again for getting enough Metal. When Metal is enough there is Silicon shortage so I upgrade Silicon Refinery. I think may be one day Uranium also be need for Buildings.
I can't upgrade main Research Lab so I upgrade sub Research Lab like Armor Technology which only need Metal to upgrade. I upgrade Armor Technology from Level 4 to 5.
There are still 401 players at MOON and my position is 169. Thank you so much for reading till the end and see you next post. Have a nice time at MOON and HIVE.
ဒီနေ့တော့ သတ္တု နဲ့ စီလီကွန် ထုတ်လုပ်မှုကို အဆင့်မြှင့် ဖြစ်ပါတယ်။ အစောပိုင်း အဆောက်အဦးတွေ ဆောက်တော့ သတ္တု လိုအပ်ချက်က အတော်လေး များခဲ့ပါတယ်။ ဒါကြောင့်ပဲ သတ္တု ထုတ်လုပ်မှုကိုပဲ ဦးစားပေး အဆင့်မြှင့်ခဲ့ပါတယ်။ သတ္တု လိုအပ်ချက် မရှိတော့ပေမယ့် စီလီကွန် လိုအပ်မှုတွေ ရှိလာပါလေရော။ သို့နှင့် စီလီကွန် ထုတ်လုပ်မှုကို အဆင့်မြှင့်ရပါလေရော။ နောက်ဆို ယူရေနီယံ မလောက်တဲ့ ပြဿနာ ကြုံကောင်း ကြုံလာရနိုင်သေး၏။ အဲ့ခါကြ ယူရေနီယံ ထုတ်လုပ်မှုကို အဆင့်မြှင့်ပေးရဦးမပေါ့။
အဆောက်အဦးတွေက အဆင့်မြင့် များလာလေလေ မူလအရင်းအမြစ် လိုအပ်ချက်ကလည်း များလာ လေလေပါပဲ။ ဒါကြောင့် တခြားဟာလေးတွေ ဆောက်လိုက်၊ ထုတ်လုပ်မှုကို အဆင့်မြှင့်လိုက် လုပ်နေရတာပါ။ အစီအစဉ်ချပြီး သွားဖို့ တွေးထားပေမယ့် အဆင်ပြေတဲ့ဟာလေးတွေပဲ ဆောက်လိုက် အဆင့်မြှင့်လိုက် လုပ်ဖြစ်နေပါတယ်။ အစီအစဉ် မထားရှိခြင်းက အကောင်းဆုံး အစီအစဉ်ပဲ ဆိုတဲ့ ထုံး နှလုံးမူပြီးတော့ပေါ့။
MOON ဂိမ်း ကစားသူ ထပ်မတိုးလာနေသေးပါဘူး။ 401 ယောက်မှာပဲ ရပ်နေတာ အတော်ကြာပါပြီ။ ကျနော် ပြောဖူးသလို ဂိမ်းပိုစ့်တွေကို Vote ပေးပြီး support ပေးတာ ဖြစ်ဖြစ် Seasonal reward လိုမျိုး ပေးတာ ဖြစ်ဖြစ် လုပ်ပေးရင် ပိုကောင်းပါလိမ့်မယ်။ ခုက vote support လည်း မလာ။ Reward ကြပြန်တော့ Season 1 ပေးထားပြီး နောက်ထပ် အသံမကြားရတော့ပါဘူး။ တခြား ဂိမ်းတွေလို 7 ရက် (တပတ်) season တခု မဟုတ်ဘဲ တလ season များလားပေါ့။ တလပြည့်အောင်တော့ စောင့်ကြည့်ပါဦးမည်။
တခြားဂိမ်းတွေလို ကိုယ့်ဘက်က ငွေကြေး တစုံတရာ အရင်းအနှီး ထည့်ဝင်ရတာမျိုးတော့ မရှိပေ။ ထိုက်သင့်သလောက် အချိန်တော့ ပေးရ၏။ ဂိမ်းကစားရင်း ဂိမ်းအကြောင်း ပိုစ့်ရေးတင်ပေါ့။ အထက်မှာ ပြောခဲ့သလို ဂိမ်းပိုစ့်တွေကို vote အားဖြင့် support ပေးမယ်ဆိုရင်တော့ အတိုင်းထက် လွန်ပါပဲလို့ ပြောကြားရင်း နောက်ပိုစ့်မှာ ပြန်ဆုံကြပါဦးစို့။
Comments