Waivio

ပြုပြင်၊ သန့်ရှင်း

3 comments

donjaun1.5 K22 days ago

https://images.ecency.com/DQmcVsd1nHhWYbRxn3ohdmdRPJVbb3WcfmXqouKd2gknFjL/1751877255839.jpg

မနေ့က ပိုစ့် မတင် ဖြစ်လိုက်ပေ။ စာမရေး ဖြစ်လို့ မတင်လိုက်ရခြင်း ဖြစ်၏။ ဟိုးယခင်က ရေးထားဖူးတာတွေတော့ ရှိပါ၏။ နို့ပေမယ့် တရက်စာ အတွက်လောက်ကိုတော့ ထိုစာတွေကို ယူပြီး မတင်နေတော့ပေ။ အဆိုပါ ကြိုရေးထားသည့် စာတွေက အဆက်တွေနဲ့ကိုး။ နောက်ရက်က ပြန်ရေးဖြစ်မှာဆိုတော့ ထိုစာတွေကို ပိုစ့်အဖြစ် မတင်နေတော့ပေ။

စာမရေး ဖြစ်တာက အလုပ်နည်းနည်း ရှုပ်သွားလို့ ဖြစ်၏။ ပုံမှန် အားဖြင့် မနက် ဆွမ်းထလောင်းပြီး ပြန်မအိပ်ခင်မှာ စာရေးလေ့ ရှိ၏။ မနေ့က လူက တော်တော်လေး ပြန်အိပ်ချင်နေသောကြောင့် မရေးဖြစ်လိုက်ခြင်း ဖြစ်၏။ ပြန်အိပ်ချင်ဆို တမြန်မနေ့က Futsal ကန်တာ ၃ ချိန်ဆက် ဖြစ်သွားသောကြောင့် ဖြစ်၏။

တပတ်ကို ၃ ရက်၊ တရက်ကို ၂ ချိန် ကန်လေ့ ရှိပေမယ့် ပြီးခဲ့သောရက်က ၃ ချိန် ဖြစ်သွားခဲ့၏။ ၂ ချိန်ကန်ပြီး ရေလည်း ချိုးပြီးပြီ။ ည ၈ နာရီအချိန် ယူထားသည့် အသင်းက လူမပြည့်လို့ ကွင်းကြေး တဝက်စီနဲ့ ကန်မလား ပြောရာ အချင်းချင်း ကန်တုန်းက ကောင်းကောင်း မကန်လိုက်၊ မဝ လိုက်သူတွေက ကန်မယ်ကွာဆိုပြီး ကန်ကြခြင်း ဖြစ်၏။

https://images.ecency.com/DQmS8rwQw5HcN9ZJ7rbi52S1Ai7gMScPkv4jNadeuJHR9Km/1751877255771.jpg

တချို့က ပြန်သွားကြပြီ။ ရှိတဲ့သူတွေက သိပ်မများတော့ မောသည့်အခါ လူလဲဖို့ လိုသောကြောင့် ရေချိုး ပြီးပေမယ့်လည်း တဖန်ပြန်လို့ ဝင်ရောက် ကစားပေးရပြန်၏။ ရေလည်း နောက်တခေါက် ပြန်ချိုးရပြန်၏။ အနှီ ၃ ချိန်ဆက် ကန်ထားသည့် အရှိန်ကြောင့် မနက်ခင်း ထချိန်မှာ တကိုယ်လုံး ညောင်းကိုက်နေ၏။ ထို့ကြောင့် စာမရေး နိုင်တော့ပဲဘဲ ဆွမ်းလောင်းပြီး ပြန်အိပ် ဖြစ်သွား၏။

နေ့လည် အမေ့ကို ဟင်းချက်ကူပြီး စာရေးမယ်ပေါ့။ ဟင်းချက်ကူပြီးတော့ ရေပိုက် ပြင်တဲ့ဖက် ရောက်သွား၏။ အုတ်ကန် ရေဖွင့်သည့် ခလုတ်က ရေစိမ့်ပြီး ကျကျနေသဖြင့် ခလုတ် ပြန်လဲရ၏။ တလက်စထဲဆိုပြီး အုတ်ကန်ပါ ဆေးလိုက်၏။ အားလုံးပြီးလို့ နာရီကြည့်တော့ ၅ နာရီခွဲသွားပြီ။ ညနေ ၅ နာရီ ပိုစ့်တင်နေကြ‌ပေမယ့် နာရီဝက် ကျော်သွားပေမယ့် တင်မယ်ဆို တင်လို့ ရပါသေး၏။ နို့ပေမယ့် စာမှ မရေးရသေးဘူးကိုး။ သို့နှင့် မနေ့က ပိုစ့် မတင်လိုက်ရပေ။


Hashtags 9
A general topic community built around PoB technology and the POB token

Comments

Sort byBest