Waivio

တက်တက်စင်အောင် လွဲ

1 comment

htwegyi20 hours ago2 min read

အိမ်ရှေ့မှာ စကားသံများကြား၍ အိမ်ကိုလာသည့်
လူများလားဟု အောင်းမေ့ကာ ခြံတခါးကို ဖွင့်ကြည့်မိသည်။
ခြံတခါးဖွင့်ကြည့်သောအခါ အမျိုးသမီး
ငယ်နှင့် အမျိုးသားငယ်တဦး။ အမျိုးသမီးကြီး
တဦးကို တွေ့ရသည်။ သူတို့က ခြံပေါက်ရှေ့ရှိ
ဗာဒံပင်အရိပ်အောက်မှာ စကားပြောနေကြခြင်း
ဖြစ်သည်။ အမျိုးသမီးငယ်နှင့် အမျိုးသားငယ်
က ဆိုင်ကယ်ပေါ်မှာဖြစ်ပြီး။ အမျိုးသမီးကြီးက
ဗာဒံပင်အောက်ရှိ အုတ်ခဲပေါ်မှာ ထိုင်နေသည်။

အမျိုးသမီးကြီး၏ လက်ထဲမှာ ရေခဲထည့်သော
ဖော့ပြားပုံးတဝက်တပျက်ကို ကိုင်ထားသည်။
ဘေးမှာ ပလပ်စတစ်ခွေးခြေခုံ သုံးလုံးဆင့်ထား
သည်။ သူရို့သုံးဦးက စကားပြောဆိုနေစဉ်
နောက်ထပ် လူငယ်တဦးရောက်လာကာ စကား
ပြောဆိုပြန်သည်။ ထိုလူငယ်က ဘောင်ဘီရှည်
ဝတ်ထားသည်။ ထိုဘောင်ဘီရှည်ဝတ်ထားသော
လူငယ်က သူရို့နှင့် စကားပြောပြီး မူကြိုကျောင်း
ရှိရာသို့ ထွက်သွားသည်။

ဘောင်ဘီနှင့် လူငယ်ထွက်သွားသည်နှင့်
စောစောက သုံးယောက်သည် ဆိုင်ကယ်တစီးပေါ်
သို့ တက်ကြသည်။ သူတို့သုံးဦး ဆိုင်ကယ်ပေါ်
တက်နေသည်ကို ကျွန်တော်က သတိထားကြည့်မိသည်။
ဝမ်းတူးဖိုက် ဆိုင်ကယ်ပေါ်သို့ လူသုံးဦး
တက်ထိုင်သည့်အပြင် စောစောက ကျွန်‌တော်
မြင်ရသော ခွေးခြေသုံးလုံးနှင့် ဖော့ပြားပုံ
တဝက်ကိုပါ တင်ဆောင်ယူကြသည်။ ဆိုင်ကယ်၏
ဂွကြားမှာလည်း ပစ္စည်းတခုတင်ထားသေးသည်။
လူသုံးယောက်နဲ့ ပစ္စည်များတင်ထားသော
ဆိုင်ကယ် ထွက်သွားသည်ကို အစ အဆုံး
လိုက်ပါကြည့်ရင်း ကျွန်တော်မှာ ရင်မောကျန်ရစ်
ခဲ့သည်။

ဘောင်ဘီရှည် ဝတ်ထားသူ လူငယ်ကိုကြည့်လိုက်
သောအခါ မူကြိုကျောင်းရှေ့မှာ ဆိုင်ကယ်တစီး
ရပ်ထားပြီး ထိုဘေးမှာ ပုံပါ အရုပ်ကလေးများ
ပြုလုပ်နေသည်ကို တွေ့ရသည်။ ဒီတော့
ကိုယ်တွေလည်း ပိုစ့်တင်ဖို့ သတိရကာ အိမ်ထဲ
ပြန်ဝင်၍ ဖုန်းယူလာခဲ့သည်။ ထိုနောက်
ဘောင်ဘီရှည် လူငယ်အနီးသွားကာ သူ့အရုပ်
များကို ဓာတ်ပုံရိုက်သည်။ လူငယ်က သူ့အနီး
ရောက်လာသော ကျွန်တော်ကို သူ့အရုပ်ဝယ်မည်
အထင်ဖြင့် အရုပ်တခုကို နှစ်ထောင်ကျပ်ပါဟု
ပြောသည်။

အရုပ်တခု နှစ်ထောင်ဟု ကြားလိုက်သည်နှင့်
ကျွန်တော်ရင်ထဲမှာ အံမလေး ဈေးမသေး
ပါလားဟု တွေးမိသည်။ တွေးမိသည်နှင့် တပြိုင်နက်
အရုပ်တခုဆိုပါမူ ကိုယ်တွေအတွက် လက်ဖက်ရည်
ပါဆယ်တခွက်ဟု တွေးမိပြန်သည်။ သို့ပေသိ
ပေါ့လေ ကိုယ်တွေသာ အမလေး တနေသည်။
မိဘအလိုလိုက်ခံရသူ ကလေးများနှင့်
ငွေကြေးချောင်လည်သူများအဖို့ ငွေနှစ်ထောင်က
ဘာမျှမဖြစ်စလောက်ပေ။

လူငယ်က ကျွန်တော်ကမဝယ်ဘဲ သူ့အရုပ်များ
ဓာတ်ပုံရိုက်သူဖြစ်ကြောင်းသိ၍ သူ့အလုပ်
သူ ဆက်လက်လုပ်ကိုင်သည်။ သူက အရုပ်များ
ပြုလုပ်နေသလို ကျွန်တော်က သူလုပ်ကိုင်ထား
ပြီးသော အရုပ်ကလေးများကို ဖုန်းဖြင့်ဓာတ်ပုံ
ရိုက်လိုက်သည်။ စိတ်ထဲမှနေ၍ သူ့အရုပ်တွေ
ရောင်းရပါ့မလားဟုလည်း တွေးမိသေးသည်။

သို့နှင့် ညနေ သုံးနာရီထိုးသောအခါ ကိုယ်ပိုင်
မူကြို‌ကျောင်းဆင်းသည်။ ကလေးများကို
လာကြိုသူ မိဘများက ကျောင်းသားကတ်ပြား
လေးများကို အပေါက်မှာရှိသူ အစောင့်ကို
ပေး၍ ကိုယ့်ကလေးကို ခေါ်ကြသည်။ ကလေးများ
အသီးသီးထွက်လာသည်နှင့် ကလေးများ၏
မျက်စိများက အရုပ်ကလေးများထံ
ရောက်ကြသည်။ မိဘများကို လက်ညှိုး
အသီးသီးထိုးပြကာ ဝယ်ခိုင်းကြသည်။
ထိုခဏ ကျွန်တော်ကြည့်နေစဉ်မှာပင်
အရုပ်သည်၏ ဖော့ဘူးမှာ တုတ်ထိုးထားသော
အရုပ်လေးများ အားလုံးနီးပါး ကုန်သလောက်
ဖြစ်သွားသည်။ ကျွန်တော်၏ ရောင်းရပါ့မလားဟုသော အထင်အမြင်သည်လည်း တက်တက်စင်အောင် လွဲ
သွားပါလေတော့သည်။

@htwegyi
November 23, 2025

Hashtags 7
A general topic community built around PoB technology and the POB token

Comments

Sort byBest